မုံညှင်းဆလပ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအတွက်အပိုဝင်ငွေရရှိ

မြင်းမူ ဖေဖော်ဝါရီ ၂၃

မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများသည် မိမိတို့စိုက်ကွင်းနေရာများတွင် နှစ်ရှည်ပင်များ စိုက်ပျိုးလုပ်ကိုင်ကြ သည့်အပြင် စားဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးလုပ်ကိုင် ရောင်းချကြသည့်အတွက် မိသားစု အတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ယင်းသီးနှံပင်များအနက် စားသုံးမှုများပြားသည့် မုံညှင်းဆလပ် စိုက်ပျိုးရောင်းချခြင်းဖြင့် ပိုမိုအဆင်ပြေကြောင်း သိရသည်။ မုံညှင်းဆလပ်ပင်ကို တော်သီလင်းလမှ တပိုတွဲလအတွင်း စိုက်ပျိုးနိုင်ကြောင်း၊ ဘောင်သီးသန့် ပြုလုပ်ပြီး မျိုးစေ့ကို အပင်ဖောက်ကာ စိုက်ပျိုးနိုင်ကြောင်း

အပင်ငယ်များ (၃)လက်မ အရွယ်ရောက်ရှိပါက သီးသန့်ဘောင်များပေါ်သို့ ပြောင်းရွှေ့ကာ ပင်ကြား တန်းကြား (၉)လက်မထားရှိကာ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ရှင်သန်မှုအပေါ် မူတည်ကာ ရေဖျန်းပေးရကြောင်း၊  စိုက်ပျိုးပြီး ရက်ပေါင်း (၆၀)အကြာတွင် နုတ်ယူရောင်းချနိုင်ပြီး    နုတ်ယူပြီးသည့်အပင်နေရာတွင် ပျိုးဘောင်မှ အပင်ကို ဆက်လက်ပြောင်းရွှေ့ပျိုးနိုင်ကြောင်းနှင့် (၁)ပတ်လျှင် (၁)ရက်ခူးယူရမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ဝယ်ယူစားသုံးမှုများပြားသည့်အတွက် ဈေးများတွင် (၁)ပင်လျှင် ငွေကျပ်(၁၅၀)မှ (၂၀၀)ဈေးအထိရှိကြောင်း မုံညှင်းဆလပ်စိုက်ပျိုးရောင်းချသူ ဦးသိန်းတန်ထံမှ သိရသည်။

အောင်စိုးဖေ(မြင်းမူ)