စလင်း ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခွင့်ကတ်များအား ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ မိမိတို့ဖြေဆို ကြမည့် စာစစ်ဌာနများတွင် လာရောက်ထုတ်ယူကြကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် စာစစ်ဌာန (၅) ခုထားရှိရာ (၁) စလင်းမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ တညောင်အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ လင်းဇင်းအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့ဖြစ်ပြီး မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ၊ အတွဲ (၁) ဘာသာရပ်တွင် (၅၀၅) ဦး၊ အတွဲ(၂)ဘာသာရပ်တွင် (၁၃၆) ဦး၊ အတွဲ(၇)ဘာသာရပ်တွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး တို့ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား (၃၇၈)ဦး၊ ကျောင်းသူ (၅၆၃) ဦး စုစုပေါင်း စလင်းမြို့နယ်အတွင်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၄၁) ဦးရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားများအား ဖြေဆိုခွင့်ကတ်များထုတ်ယူကြရာ၌ စာစစ်ဌာနများအလိုက် ဘာသာတွဲများအား စာမေးပွဲဖြေဆိုချိန်မတိုင်မီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများထုတ်ယူကြရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းများ ယူဆောင်လာကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့