ကော့ကရိတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် ဖေဖေါ်ဝါရီ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည် "ဘဝကို ကောင်းကျိုးမပေးသောလူ့မာန" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊  စာပေမှရရှိသည့် ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ကြရာ အသိဉာဏ်နည်းပါးတာ၊ တစ်ခုကောင်းအားသန်နေတာ၊  အတွေးတိမ်တာ၊ အတ္တစိတ်လွန်ကဲသူ၊ မြှောက်ပြောခြင်းများအပေါ် နား​ယောင်တာ၊ လူမျိုးချစ်စိတ်ပြင်းထန်တာ စသည့် မာနစိတ်ရဲ့ အခြေခံ(၂၅)ချက်ပါ ခေါင်းစဉ်အား Book Club အဖွဲ့ဝင်ဦးတင့်မော်ကလည်းကောင်း Book Club အဖွဲ့ဝင် ဦးတင့်မော်ကလည်းကောင်း ‘’သူကငါ့ထက်သာရောဘာဖြစ်လဲ၊ ကိုယ့်ထမင်းကိုယ်စားတာ၊ သင်းနှင့်ငါနဲ့ ဘာထူးလို့လဲ၊ စိန်မခေါ်နဲ့ စိန်ခေါ် ရင်တိမ်ပေါ်တက်ကြမ်းပြလိုက်မယ်’’  လောကကြီးမှာ ပြသနာတော်တော်များများဟာ စကားနဲ့ရှုပ်နေကြတာ၊ ရှုပ်တာက မာနစကားကြောင့် ရှုပ်ကုန်တာပဲ၊ ကိုယ်သိကိုယ်တက် ပြောချင်တာကနေ ပြသနာစတာပဲဆိုသည့် မာနစကား နားမှာခါးတဲ့  ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် ဒေါ်သင်းသင်းယုကလည်းကောင်း  ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူ အဖွဲ့ဝင်များက  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကော့ကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဉ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)