ငွေဆောင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းမှ ငွေဆောင်မြို့ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲအား ယမုံနာဦးဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား အစီအစဉ်စတင်ကြောင်း ကြေညာခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ ငွေဆောင်ဒေသဆိုင်ရာ အချက်အလက်များအား ပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်းမှ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဟိုတယ် တာဝန်ခံများအား အဖွင့်အမှာစကားပြောကြားခဲ့သည်။ ငွေဆောင်ဒေသမှ လုပ်ငန်းရှင် ဦးလှိုင်မော်မှလည်း ဟိုတယ်ဆိုင်ရာ မိတ်ဆက်စကားအား ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်းနှင့် ဟိုတယ်တာဝန်ခံများမှ ဟိုတယ်ဆိုင်ရာ မေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် အခမ်းအနား အစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်းမှ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဟိုတယ်တာဝန်ခံ များအား နှုတ်ဆက်ခဲ့ပြီး ခန်းမဆောင်အတွင်းမှ ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။
R – O14 (ငွေဆောင်)