သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သနပ်ပင် ဖေဖော်ဝါရီ ‌ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဦးမှ ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာပြီဖြစ်၍ မီးကိုပေါ့ဆစွာကိုင်တွယ်အသုံးပြုခြင်း မပြုလုပ်မိစေရန်၊ မီးလောင် လွယ်သောအရာဝတ္တုပစ္စည်းများကို လူနေအိမ်၊ ရုံးအဆောက်အဦများနှင့်နီးကပ်စွာ ထားရှိခြင်းများမပြုလုပ်ရန်၊ မီးဘေးအန္တရာယ်ကြိူတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ ရှောင်ကျဉ်ရမည့် အချက်များအား တက်ရောက်လာသော ဌာနဆိုင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)