တောင်ငူ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show တွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းနှင့် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဌေးတို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးလောင်မှုအန္တရာယ်မဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ မီးသတ်ဦးစီးဌာန၏ရည်ရွယ်ချက်၊ ပြည်သူများအနေဖြင့် မီးလောင်မှုမဖြစ်ပွားအောင် ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်နေစဉ်အတွင်း ဆောင်ရွက်ရမည့်ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ မီးငြိှမ်းသတ်ရမည့် နည်းလမ်းများနှင့်မီးလောင်မှုကြောင့် ကျခံရမည့် ဥပဒေပုဒ်မများကို ပြည်သူများသိရှိအောင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲ Talk Show မှ ဆွေးနွေးချက်များအား တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်