သာယာဝတီခရိုင်၌ Grade-5 နှင့် Grade- 9 ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

သာယာဝတီ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade-5)နှင့် အဌမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း အခြေခံပညာကျောင်းများမှ ခရိုင်စစ်(Grade-5) ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန(၇၈၈)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ တိုင်းစစ်(Grade-9) ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန(၂၄)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း ယနေ့တွင် ခရိုင်အတွင်း၌ (Grade-5)ကျောင်းသား၊ ကျောင်းသူ (၁၁၂၂၈)ဦးနှင့် (Grade-9)ကျောင်းသား၊ ကျောင်းသူ (၆၇၈၀)ဦး ဖြေဆိုလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)