ငပု​တောမြို့၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေး ထရန်စဖော်များများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေး၊ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးတို့အတွက် ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မီတာများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

ထိုသို့ ဆောင်ရွက်ရာတွင် ၁၁ ကေဗွီ ထရန်စဖော်မာများ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အား လိုင်းများနှင့် ၂၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ၃၁၅ ဗို့ ဓာတ်အားလိုင်းများ၏ ကြံ့ခိုင်မှုများ စစ်ဆေးခြင်းလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)