ကလိန်အောင် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade- 5)နှင့် (Grade- 9)နှစ်ဆုံး စာမေးပွဲများကို ကျောင်းသား၊ကျောင်းသူများက ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ အသီးသီးတွင် စိတ်အေးချမ်းသာစွာ ကျင်းပဖြေဆိုလျက်ရှိကြသည်။
အဆိုပါ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင်အခြေခံပညာ ကျောင်းပေါင်း(၁၀)ကျောင်းရှိရာ ခရိုင်စစ်(Grade- 5) ကျောင်းသား/သူ (၈၃)ဦးနှင့် တိုင်းစစ်(Grade- 9) ကျောင်းသား/သူ (၆၅) ဦးအတွက် စာစစ်ဌာန (၁)ခု ဖွင့်လှစ်၍ နှစ်ဆုံးစာမေးပွဲများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)