ကန့်ဘလူ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade- 5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade- 9 နှစ်ဆုံးစာမေးပွဲများကို သက်ဆိုင်ရာအခြေခံပညာကျောင်း များတွင် ယနေ့ နံနက် ၉ နာရီက အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် အခြေခံပညာကျောင်းပေါင်း ၇၇ ကျောင်းတို့မှ Grade-5 နှစ်ဆုံးစာမေးပွဲ တွင် ကျောင်းသား ၅၅၃ ဦး၊ ကျောင်းသူ ၅၆၅ ဦး စုစုပေါင်း ၁၁၁၈ ဦးနှင့် Grade- 9 စာမေးပွဲတွင် ကျောင်းသား ၅၂၀ ဦး၊ ကျောင်းသူ ၅၄၉ ဦး စုစုပေါင်း ၁၀၆၉ ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)