ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

ကဝ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်မှ (၁၈) ရက်နေ့ထိ တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုမည့်  ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်(၉) နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကဝ) ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (ကဝ) စာစစ်ဌာန တစ်ခုသာထားရှိမည်ဖြစ်ပြီး၊ ကျောင်းတွင်း ဖြေဆိုသူ (၁၂၀) ဦးတွင် အတွဲ (၁) ဖြေဆိုသူ (၉၁) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၇)ဦး၊ အတွဲ (၇) ဖြေဆိုသူ (၂၂) ဦးနှင့် ပြင်ပ ဖြေဆိုသူ (၂၁၅) ဦးတွင် အတွဲ(၁)ဖြေဆိုသူ (၁၄၂) ဦး၊ အတွဲ (၂) ဖြေဆိုသူ (၃) ဦး၊ အတွဲ (၇) ဖြေဆိုသူ (၇၀)ဦးဖြစ်ပြီး စုစုပေါင်းဝင်ရောက်ဖြေဆိုသူ (၃၃၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)