တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစောမောင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာ၀န်များ၊ မြို့နယ်အတွင်းမီးသတ်စခန်းခွဲ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ယာဉ်၊ စက်နှင့် ၀န်ထမ်းအင်အားအခြေအနေများ၊ ၀န်ထမ်းများအား လေ့ကျင့်ပေးမှုအခြေအနေများ၊ မီးသတ်ဦးစီးဌာန၏ လက်တလောလုပ်ငန်းဆောင်ရွက်ချက်များ၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ်အတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေများ၊ ပွင့်လင်းရာသီရောက်ပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လိုက်နာရမည့်အချက်များအား အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)