ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သဲကုန်းမြို့နယ်အတွင်း‌ စံပြစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက သဲကုန်းမြို့နယ်အတွင်း‌ စံပြစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်လောင့်ကြီးကျေးရွာအုပ်စု ရွာလှကျေးရွာ စံပြသီးနှံစိုက်ခင်းအတွင်းရှိ ရာသီပေါ်သီးနှံစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝင့်နန္ဒာဌေး