သနပ်ပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

သနပ်ပင် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်မှ (၁၈) ရက်ထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုရန် လျှောက်ထားသူ ကျောင်းသား/ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ အ.ထ.က (သနပ်ပင်) ကျောင်းအုပ်ကြီးရုံးခန်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရပ်ကွက်နှင့် ကျေးရွားများရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၂) ဦးတို့က ဝင်ရောက်ဖြေဆိုမည် ဖြစ်သည့်အတွက် ဝင်ခွင့်ကတ်ပြားများကို စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ သနပ်ပင်မြို့နယ်တွင် ပြင်ပဖြေဆိုသူ (၇၉) ဦး၊ ကျောင်းတွင်း ဖြေဆိုသူ (၉‌၃) ဦး စုစုပေါင်းဖြေဆိုသူ (၁၇၂) ဦးအတွက် ဝင်ခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ (၂၁) မှ မတ်လ (၈) ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)