ညောင်လေးပင် ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ အထက(၁)ညောင်လေးပင်စာစစ်ဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ညောင်လေးပင်)၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း (ပြွန်တန်ဆာ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပိန်းဇလုပ်)တို့အား စာစစ်ဌာနများအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ(၁၅၉)ဦးတွင် အတွဲ(၁)ဖြေဆိုသူ(၅၂)ဦး၊ အတွဲ(၂) ဖြေဆိုသူ (၅၇) ဦး၊ အတွဲ (၇) ဖြေဆိုသူ(၅၀)ဦးနှင့် ပြင်ပဖြေဆိုသူ (၄၆၉)ဦးတွင် အတွဲ(၁)ဖြေဆိုသူ (၂၄၉) ဦး၊ အတွဲ(၂)ဖြေဆိုသူ(၇၆)ဦး၊ အတွဲ(၇)ဖြေဆိုသူ(၁၄၄)ဦးဖြစ်ပြီး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၆၂၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)