ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ

ပဲခူး ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်မှ (၁၈)ရက်ထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည်ဖြစ်ရာ ပဲခူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့မှစတင်၍ ပဲခူးမြို့ အ.ထ.က(၁)ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးမြို့တွင် အ.ထ.က(၁)ပဲခူး၊ အ.ထ.က(ဘုရားကြီး)၊ အ.ထ.က(အင်းတကော်)တို့တွင် စာစစ်ဌာန(၃)ခုထားရှိ၍ အတွဲ(၁)ဖြေဆိုသူ(၅၅၈)ဦး၊ အတွဲ(၂)ဖြေဆိုသူ(၆၃)ဦး၊ အတွဲ(၅)ဖြေဆိုသူ(၁)ဦး၊ အတွဲ(၇)ဖြေဆိုသူ(၇၁၆)ဦးနှင့် ကျောင်းတွင်းဖြေဆိုသူ(၂၈၅)ဦး၊ ပြင်ပဖြေဆိုသူ(၁၀၅၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၃၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)