ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ Grade(9)နှစ်ဆုံး စာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)၊ Grade(9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်() နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ  စာစစ်ဌာန (၁၉၅)ခုတွင် Grade(5) ကျောင်းသား၊ ကျောင်းသူ (၂၆၀၄)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိပြီး အခြေခံပညာ အလယ်တန်းအဆင့် Grade(9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၈၆)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၅၉၉)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊  အထွေထွေသိပ္ပံ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေး မြို့နယ်ပညာရေးမှူး ဦးလှစိုး လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)