သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေ

သဲကုန်း ဖေဖေါ်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ၏နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဋ္ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရိုင်စစ်(Grade-5) ကျောင်းသား/သူများအတွက် စာစစ်ဋ္ဌာန(၁၈၃)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် တိုင်းစစ်(Grade-9) ကျောင်းသား/သူများအတွက် စာစစ်ဋ္ဌာန(၂၁)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ်၌ စာမေးပွဲပထမနေ့တွင် ခရိုင်စစ်(Grade-5)စာမေးပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၁၃၃၅)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းမှ(၁၂)ဦး၊ တိုင်းစစ်(Grade-9) စာမေးပွဲကို အခြေခံပညာကျောင်းများမှ (၉၅၅)ဦး၊ ပုဂ္ဂလိဂကျောင်းမှ(၂၃)ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ‌ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဋ္ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး