နတ်မောက် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၅)နာရီ အချိန်မှစ၍ ထုတ်ပေးလျက်သည်။
နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ (ပင်စင်) လစာထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကို လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလား အပ်သောပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ကြောင်း၊ ထုတ်ယူရန် ကျန်ရှိသူများအတွက် ပင်စင်လစာငွေထုတ်ပေးခြင်းကို နေ့စဉ်ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ်တွင် မြန်မာ့စီးပွားဘဏ်မှ ပင်စင်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ (ပင်စင်) (၁၆၀၀) ဦးခန့်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း