နတ်တလင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အားကစားဇုံ၌ ဖူဆယ်ကွင်းတည်ဆောက်ထားရှိမှုအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မရပ်ကွက်၊ စျေလမ်းရှိ မြို့မစည်ပင်သာယာစျေးအားလည်ကောင်း၊ ရွာမရပ်ကွက်၊ အနော်ရထာလမ်းရှိ မီးခွက်စျေး(အရုဏ်စျေး)အားလည်ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)