ကျောင်းကုန်းမြို့၌ Grade-5 နှင့်Grade-9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ကျောင်းကုန်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းတွင် Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ ယနေ့နံနက် နာရီအချိန် နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုခဲ့ကြသည်။

Grade-5 တွင် အ..က()မှ(၅၇)ဦး၊ ကံ့ကော်မြိုင် ကိုယ်ပိုင်ကျောင်းမှ(၁၃)ဦး၊ ဘဝရှေ့ဆောင်ကိုယ်ပိုင် ကျောင်းမှ()ဦးနှင့် ဘကဥယျဉ်ကြီးကျောင်းမှ()ဦး စုစုပေါင်း(၈၂)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး၊ Grade 9 တွင် အ..က()မှ (၁၀၇)ဦး၊ ကံ့ကော်မြိုင်ကိုယ်ပိုင်ကျောင်းမှ (၂၅)ဦးနှင့် ဘဝရှေ့ဆောင် ကိုယ်ပိုင်ကျောင်းမှ(၁၆)ဦး စုစုပေါင်း(၁၄၈)ဦး ဝင်ရောက်ဖြေဆိုခဲ့က့သည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲသို့ ကျောင်းကုန်းမြို့ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၊ ကံ့ကော် မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘဝရှေ့ဆောင် ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် မဟာဝိသုတာ ရာမ(ဥယျဉ်ကြီး) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှကျောင်းသား ကျောင်းသူများ  ဝင်ရောက်ဖြေ ဆိုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)