ကျောက်ကြီး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade - 5) (သင်ရိုးသစ်) စာစစ်ဌာန (၃၅) ခုနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade - 9) (သင်ရိုးဟောင်း) စာမေးပွဲကို စာစစ်ဌာန (၁၁) ခုဖွင့်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade - 5) (သင်ရိုးသစ်) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၃၅) ခုဖွင့်၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ စစ်ဆေးမည်ဖြစ်ပြီး စာရင်းရှိ ကျောင်းသား (၆၂၄) ဦး၊ ကျောင်းသူ (၆၄၄) ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၆၈) ဦးတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၅၄) ဦး၊ ကျောင်းသူ (၄၈၆) ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၄၀) ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၂၈) ဦး ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၇၄.၁၃) ရှိကြောင်း၊ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade - 9) (သင်ရိုးဟောင်း) စာမေးပွဲကို စာစစ်ဌာန (၁၁) ခုဖွင့်၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ စစ်ဆေးရမည်ဖြစ်ပြီး စာရင်းရှိ ကျောင်းသား (၃၀၈) ဦး၊ ကျောင်းသူ (၃၈၇) ဦး၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၆၉၅) ဦးတွင် ဝင်ရောက်ဖြေဆို သူ ကျောင်းသား (၂၄၈) ဦး၊ ကျောင်းသူ (၃၀၇) ဦး၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၅၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၄၀)ဦး ဝင်ရောက် ဖြေဆိုမှု ရာခိုင်နှုန်း (၇၉.၈၆) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြို့နယ် (ပြန်/ဆက်)