ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ပေါက်ခေါင်း      ဖေဖော်ဝါရီ    ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၁၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး(၅)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိရာ ခရိုင်စစ်(Grade-5) ကျောင်းသား/သူများအတွက် စာစစ်ဌာန(၇၇)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ ဖြေဆိုရမည်ဖြစ်ပြီး တိုင်းစစ်(Grade- 9) ကျောင်းသား/သူများအတွက် စာစစ်ဌာန(၃၁)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)