ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ညောင်လေးပင် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေ ရန် ၃ ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ  မြို့ပြပင်စင်၊ကာကွယ်ရေးပင်စင်နှင့်နိုင်ငံရေးပင်စင်များကို နံနက် ၀၇:၀၀ နာရီအချိန်မှ နေ့လယ် ၁၄:၀၀ နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)