မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊‌ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

မိုးညို ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီ ချိန်မှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊‌ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး(၁)ကျောင်းတို့ရှိရာ စတုတ္တတန်း(Grade-5) ကျောင်းသား၊‌ ကျောင်းသူ (၁၄၀၃) ဦးတို့က စာစစ်ဌာန(၁၀၉)ခု၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိလည်း‌ကောင်း၊ အဋ္ဌမတန်း(Grade-9) ကျောင်းသား၊‌ ကျောင်းသူ(၁၀၆၇)ဦးတို့က စာစစ်ဌာန(၄၄)ခု၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိလည်းကောင်း ‌ဖြေဆိုကြမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ‌ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)