ဒေးဒရဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လူမှုစီးပွား ဖွံ့ဖြိုးစေရန် အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ တာဝန်ရှိသူများနှင့် ဝယ်ယူ​ကြိတ်ခွဲတင်ပို့သူများ အစုအဖွဲ့တွင် ပါဝင်သည့် လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က နွေစပါးစိုက်ပျိုး တောင်သူများနှင့် ဝယ်ယူကြိတ်ခွဲသူများ အစုအဖွဲ့၊ နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုမရှိပဲ အကျိုးဖြစ်ထွန်းစေရေး တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပြီးစီးရေး ကြုံတွေ့ရနိုင်သည့် အခက်အခဲ များကို တင်ပြပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက စပါးများ ပြန်လည်သိမ်းဆည်းရာတွင် နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးအတွက် ဒေသပေါက်စျေးနှုန်းအတိုင်း သတ်မှတ် အချင်အတွယ်ဖြင့် ​စျေးဖြတ်၍ မြိုနယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့် ပြန်လည် သိမ်းဆည်းမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်  ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့ တာဝန်ရှိသူများနှင့်  နွေစပါးစိုက်ပျိုးစီမံကိန်းဆောင်ရွက်သည့် ကျေးရွာအုပ်စုတာဝန်ရှိသူများက နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရာတွင်  ကြုံတွေ့ရမည့် အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ မြို့နယ်လုပ်ငန်းကြီးကြပ်မှု ကော်တီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လုပ်ငန်းများ ချောမွေ့စေရေး သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆၂)အုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းဧက (၂၀၆၀၀) စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ လမ်းညွှန်မှု မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနက အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူများ၏ စိုက်ပျိုးရေး နည်းပညာအခက်အခဲများနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး၊ ဒေသနှင့် ကိုက်ညီသော စပါးမျိုးကောင်းမျိုးသန့် ရရှိစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း