ကြံခင်းမြို့နယ် အခြေခံပညာကျောင်းစာစစ်ဌာနများတွင် Grade- 9 နှင့် Grade-5 အတန်းတင် စာမေးပွဲများ စတင်ဖြေဆို

ကြံခင်း ဖေဖော်ဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းစာစစ်ဌာနများတွင်  အစိုးရစစ်စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုကြကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။

ထိုသို့ဖြေဆိုရာတွင်  အစိုးရစစ်စာမေးပွဲ အလယ်တန်းဆင့် Grade(9)နှင့် မူလတန်းဆင့် Grade(5)တို့ ဝင်ရောက် ဖြေဆိုကြရာ ကြံခင်းမြို့နယ်အတွင်း စာစစ်ဌာန(၁၇)ခုတွင် Grade(9) ကျောင်းသား၊ ကျောင်းသူ (၇၂၀)ဦး၊ စာစစ်ဌာန(၁၉)ခုတွင် Grade(5) ကျောင်းသား၊ ကျောင်းသူ (၉၄၂)ဦးဝင်ရောက် ဖြေဆိုကြကြောင်းနှင့် ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ မတ်လ()ရက်နေ့ထိ ဖြေဆိုရမှာဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် စာဖြေသူထိုင်ခုံပြဇယားများ၊ စာဖြေခန်းပြ စနစ်ပုံ၊  စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များအား ပြသဆောင်ရွက်ပေးထား ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရ သည်။

မြို့နယ်(ပြန်/ဆက်)