ကျွန်းလှ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းတင်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီက သက်ဆိုင်ရာ စာစစ်ဌာနများ၌ စတင်ဖြေဆို ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အခြေခံပညာကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း တို့မှ Grade-5 (သင်ရိုးသစ်) ကျောင်းသား၊ ကျောင်းသူ (၂၀၁) ဦးနှင့် Grade-9 (သင်ရိုးဟောင်း) ကျောင်းသား၊ ကျောင်းသူ (၃၁၃) ဦး၊ စုစုပေါင်း (၅၁၄) ဦး မြန်မာ စာဘာသာ ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ