ဘားအံမြို့တွင် ဈေးကွက်နမူနာကောက်ယူခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ဘားအံ ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဈေးကွက်နမူနာ ကောက်ယူခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အဆင့်မြင့်စံပြဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော အချိုရည်များသည် ပြည်သူများ စားသုံးရန် သင့်/မသင့် စစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးကွက်နမူနာ ကောက်ယူခြင်း၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်ဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)