ဟင်္သာတ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာစပ်မျိုး ရေဆင်း(၁) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာ တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နေကြာစံကွက် ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုခဲ့ကြသည်။
ဟင်္သာတခရိုင် စိုက်တိုးမြင့်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာရှိ တောင်သူဦးကြည်ရွှေ၏ (၀.၁၀)ဧက၊ ဆောင်းသီးနှံနေကြာ စပ်မျိုးရေဆင်း (၁)စံကွက် ရိတ်သိမ်းနေမှုအခြေအနေများ၊ ရ်ိတ်သိမ်းပြီးနေကြာများအား အစေ့ခြွေနေမှု အခြေအနေများ၊ ဆောင်းနေကြာသီးနှံများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ