ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် နံနက်(၇:၀၀) နာရီမှစ၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃)ပေအကွာမှ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။
ယနေ့ထုတ်ယူရမည့် ဈေးပိုင်း၊ ညောင်ဝိုင်း၊ သွန်းဘုရား၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်းတောင်၊ ဇိုင်းဂနိုင်းမြောက်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းသိရပြီး ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်စားဝန်ထမ်း(၁၂၀၀၀)ဦးခန့် ထုတ်ယူလျက်ရှိကြောင်း ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)