ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေး   ကျင်းပ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  မြို့နယ်အတွင်း  ထူးခြားဖြစ်စဉ်သတင်းများ  နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီစောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန်ရရှိစေရေး သတင်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဗိုလ်မှူး  နိုင်လင်းအောင်က  ထူးခြားဖြစ်စဉ်သတင်းများ အချိန်နှင့်တပြေးညီ ရောက်ရှိရေး၊ သတင်းမှန်ကန်မြန်ဆန်စေရေး၊  ပူးပေါင်းဆောင်ရွတ်ရမည့် အဖွဲ့အစည်းများ စသဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးစိုးကြည်က မှုခင်းကျဆင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက်  ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

မဇင်(ပြန်/ဆက်)