မြို့သစ် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စုစုပေါင်း ၈၅၇ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က (၁) မြို့သစ်နှင့် အ-ထ-က ဝါးကြီးအိုင် စာစစ်ဌာန(၂)ခုဖွင့်လှစ်၍ ပြင်ပဖြေဆိုမည့်သူအတွဲ (၁)တွင်ကျား (၁၈၈)ဦး၊ မ(၂၄၈)ဦး၊ အတွဲ(၂)တွင်ကျား(၅၈)ဦး၊ မ(၈၉)ဦး၊ အတွဲ(၇)တွင် ကျား(၁၁၁)ဦး၊ မ(၁၆၃)ဦး စုစုပေါင်းကျား(၃၅၇)ဦးနှင့် မ(၅၀၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(IPRD)