စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မဟာဝရဒါဌာဗုဒ္ဓမြတ်ဆွယ်တော် ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားတက်ရာက်

မုံရွာ ဖေဖော်ဝါရီလ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ ကံသာကျေးရွာ၊ ကံသာယာ သာသနာပြုဗဟိုဌာနရှိ မဟာဝရဒါဌာ ဗုဒ္ဓမြတ်ဆွယ်တော် ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးခြင်း ရေစက်ချ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ကံသာယာသာသနာပြုဗဟိုဌာန ဘဒ္ဒန္တဇဝန ဆရာတော်ကြီး ထံတော်မှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကံသာယာသာသနာပြုဗဟိုဌာန ဘဒ္ဒန္တဇဝန ဆရာတော်ကြီးထံတော်မှ အနုမောဒနာ တရားနာယူ ကြည်ညှိကာ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ကံသာယာ သာသနာပြု ဗဟိုဌာနအတွင်းရှိ မဟာဝရဒါဌာဗုဒ္ဓမြတ်ဆွယ်တော် ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာတော်ကြီးထံ ဆရာတော်၊ သံဃာတော် ၆၃ ပါး အတွက် တစ်ပါးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၃၇၈၀၀၀၀ (သုံးဆယ်ခုနှစ် သိန်းရှစ်သောင်း) ကျပ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ဖောင်ကူး ကျေးရွာ၊ ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်တို့အား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးဒေသသည် ရေခံမြေခံ ကောင်းပြီး ရာသီဥတုကောင်း မွန်သည့်အတွက် စိုက်ပျိုးသည့်သီးနှံတိုင်း အောင်မြင်ဖြစ် ထွန်းမှုရှိပါ၍ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ကလေးဒေသ၊ ကလေးခရိုင်သည် တိုင်းဒေသကြီးနှင့် ဒေသခံပြည်သူများ အတွက် အားကိုးအားထားပြုရသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ဒေသတွင်းဝမ်းစာပိုလျှံအောင် စိုက်ပျိုး နိုင်မှုများကို ဆက်လက်ထိန်းသိမ်းရေး၊ ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားသည့် အခြေခံအဆောက်အအုံများနှင့် လမ်း၊ တံတားများကို အစဉ်အသုံးပြု နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်း ထိန်းသိမ်းသွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးမြို့နယ် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင် ဖောင်ဆိပ်ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဖောင်ဆိပ်ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖောင်ဆိပ်ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဖောင်ဆိပ်ကုန်ထုတ်လမ်းသစ်သည် အရှည် မိုင်မြေသားဘောင်တင် သဲကျောက်ခင်း ဖြစ်ပြီး တောင်သူ ၉၀ ဦး၏ လယ်ဧက ၅၀၀ ခန့်သို့ ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ၃၃.၄၁၆ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ် ဖောင်ကူးကျေးရွာ၊ ကလေးမြို့-အင်ဒိုင်းကြီးကျေးရွာ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                 

တိုင်းဒေသကြီး (ပြန်/ဆက်)