လှိုင်းဘွဲ စက်တင်ဘာ ၂၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိရာ ယမန်နေ့က နောင်တိုင်ကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများကို နောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာစာရေးများက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့ စေရန်အတွက် ရည်ရွယ်၍ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အဘိုး(၁၁)ဦးနှင့်အဘွား(၅)ဦး စုစုပေါင်း(၁၆)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)