ကဝ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃) ပေ အကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ရာတွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက်(၇:၀၀)နာရီမှ (၁၄:၀၀)နာရီအထိထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ကဝမြို့နယ်အတွင်းရှိ ပင်စင်စား(၃၂၂)ဦးအတွက် ပင်စင်လစာ (၃၇,၂၇၄,၅၁၂.၂၅) ကျပ်အား ထုတ်ပေးပြီး၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများ အနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)