ဒိုက်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု တစ်အိမ်တက်/ ဆင်းမြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့ဝင်များသို့ နေ့တွက်စရိတ်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်း မှန်ကန်ရေး  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဇန်နဝါရီလအတွင်း ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၉ ရပ်ကွက်နှင့်ကျေးရွာပေါင်း ၁၈၂ ရွာတို့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင်များသို့ နေ့တွက်စရိတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၉ ရပ်ကွက် နှင့်ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စုအားပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)