ဟုမ္မလင်း ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံငါးမွေးမြူရေးသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်းဦးက အခြေခံငါးမွေးမြူ ရေး သင်တန်းဖွင့်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော သင်တန်းသားများက ငါးမွေးမြူခြင်းလုပ်ငန်းနှင့် မြေနေရာရရှိရေး၊ သိရှိလို သည်များကို ဆွေးခဲ့ကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများက ပြန်လည်းဆွေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဟုမ္မလင်းမြို့နယ် ကျေးရွာအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)