လောင်းလုံး စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က လောင်းလုံး မြို့နယ် ၊သာယာကုန်း ကျေးရွာ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးဟိန်းကိုကိုနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၂၇ရက်နေ့၊ နံနက် ၉နာရီ၄၅ မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀၀၀ဝိ/) ကျပ်၊ ဘေးသင့်ပြည်သူ (၅) ဦးအတွက်(၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၀၅၀ဝိ/) ကျပ်၊ ထိခိုက်ဒဏ်ရာ ရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/) ကျပ်၊စုစုပေါင်း (၂၆၀၅၀၀) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ( ၁ )စုံတို့အား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)