သနပ်ပင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး 

သနပ်ပင် ဖေဖော်ဝါရီ ၂၁

 နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါပင်စင်လစာများအား မိမိတိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စား လှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သနပ်ပင်မြို့နယ် မြန်မာ့စီးပွားဘဏ်တွင် လစဉ် ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ဦးရေ(၉၆၀)ဦးရှိကြောင်းနှင့် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ်ဝန်ထမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လှမိုး(ပြန်/ဆက်)