ထန်းတပင် (ပဲခူး) ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ထန်းတပင်မြို့နယ်တွင် မြို့ပြပင်စင်(၅၄၉)ဦး၊ ကာကွယ်ရေးပင်စင် (၄၀၁)ဦးနှင့် နိုင်ငံရေးပင်စင် (၁၀၀)ဦး၊ စုစုပေါင်း(၁၀၅၀)ဦးရှိပြီး ယနေ့တွင်ပင်စင်ထုတ်ယူသူ( ၃၅၀) ဦး ရှိကြောင်းထန်းတပင်မြို့ နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)