ကလေး ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့် ဖောင်ဆိပ် ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေး-ကလေးဝ လမ်းမကြီးဘေး၊ ဖောင်ဆိပ်လမ်းထိပ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်မှ ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းတို့က ဖောင်ဆိပ်ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကုန်ထုတ်လမ်းခင်းကျင်းထားမှုများကို ကြည့်ရှုခဲ့သည်။
အဆိုပါ ဖောင်ဆိပ်ကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုငွေ ၂၈.၈၁၆ သန်းဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုန်ထုတ်လမ်း တည်ဆောက် ပြုပြင် ထိန်းသိမ်းရေးကော်မတီနှင့် သိန်းဇော်စိုးစံကုမ္ပဏီတို့မှ ပူးပေါင်း၍ အလျား ၁ မိုင်၊ အနံ ၁၂ ပေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဖောင်ဆိပ်ကုန်ကုန်ထုတ်လမ်း ခင်းကျင်း ပြီးစီးပြီဖြစ်သော ကြောင့် တောင်သူများ၏ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေစွာဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)