စုကလ ဖေဖော်ဝါရီ ၂၁
စုကလိမြို့နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်စနစ်တကျစည်းကမ်း လိုက်နာစွာမောင်းနှင်တတ်စေရန်နှင့် ယဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာတတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်မှ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဂရုတစိုက်လိုက်နာရမည့် အချက်များဖြစ်သည့် ဆိုင်ကယ်မောင်းနှင်ရာတွင် အန္တရာယ်ဖြစ်စေနိုင်လောက်သော လူပိုတင်ဆောင်ခြင်း ၊ ပစ္စည်းများတန်ပိုတင်ဆောင်ခြင်း ၊ စက်သံဆူညံစွာ မောင်းနှင်ခြင်း ၊ အခြားယာဉ်များနှင့် ပြိုင်၍မောင်းနှင်ခြင်းများမပြလုပ်ရ၊ အငယ်တန်းစာရေးအင်အားပြ ဒေါ်စိုးမို့မို့ဌေးက ဆိုင်ကယ်မောင်းနှင်ခါနီးတွင် ဦးထုပ်ဆောင်းပါ ၊မေးသိုင်းကြိုးတပ်ဆင်ပါ ၊ ဆိုင်ကယ်မောင်းနှင်ချိန်တွင်အဝတ်အစားများ အန္တရာယ်ဖြစ်စေနိုင်လောက်သော ပျံ့လွင့်နေခြင်းမျိုး ရှောင်ရှားရန်လိုအပ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်များသည်လည်း အခြားယာဉ်နည်းတူသတ်မှတ်ထားသည့်လမ်းစည်းကမ်းများကို လိုက်နာမောင်နှင်ရမည်ဖြစ်ကြောင်း တို့ကိုအပြန်အလှန် ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အား We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပိုပိုအောင်