ရွှေတောင် စက်တင်ဘာ ၂၉
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီခန့်တွင် ရွှေတောင်မြို့နယ်တွင် လုပ်အားပေးသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရ သည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်နှင့် ရွှေတောင်မြို့မစခန်းမှူး ဒုရဲမှူး ဇော်ညွန့်တို့ ဦးဆောင်သည့် မြို့နယ်ရဲတပ်ဖွဲ့ အင်အား(၃၀)ခန့်ဖြင့် ရွှေတောင်မြို့နယ် ကသဲတန်းလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးနှင့် ကြံခင်းဘုန်းတော်ကြီးကျောင်း အတွင်းအပြင်ဘက်ရှိ ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)