ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်မြတ်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အမှတ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ပြည်သူများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မိမိတို့နေအိမ်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်သော အမျိုးအစားများ သုံးစွဲကြပါရန်နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်သူများအနေဖြင့် မီးကြွင်းမီးကျန်များကို စနစ်တကျမီးငြိမ်းသတ်စေရန်၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ အသင့်ထားရှိရန် လိုအပ်ကြောင်း၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)