သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

သရက်ချောင်း   ဖေဖော်ဝါရီ    ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က သရက် ချောင်းမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဝန်ထမ်းများအား မိမိပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်ကြုံတွေ့သောအခါ လုပ်ဆောင်ရန်လိုအပ်သည်များကိုရှင်းလင်းပြောကြားခြင်း၊ မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန်ပြောကြားခြင်း၊ မီးသတ်ဆေးဘူးဆောင်ရန်နှင့် သုံးစွဲပုံ ကိုရှင်းလင်းရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)