မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီး ပိုလျှံခွင့်ပြု ရန်ပုံငွေဖြင့် သပြေညိုလမ်း ကွန်းကရစ်ခင်းခြင်းဆောင်ရွက်

မြို့သစ်   စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊တိုင်းဒေသကြီး အစိုးရအဖွဲ့၏  အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ သပြေညိုလမ်း ကွန်ကရစ်ခင်းခြင်း ကို စက်တင်ဘာလ ၄   ရက်နေ့ကစတင်၍  မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့က  ဦးဆောင်၍ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျှက်ရှိရာ   ယခုအခါတွင် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးကြောင်း မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့မှ သိရသည်။

အဆိုပါကွန်ကရစ်လမ်းမှာအရှည် ၅၀၀ပေ ၊ အကျယ် ၁၂ ပေ ၊ထု  ၈ လက်မရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံခွင့်ပြု ရန်ပုံငွေ ကျပ်(၁၁.၅၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အငယ်တန်း အင်ဂျင် နီယာ - ၂  ဦးဗိုလ်ဌေးမှ  တာဝန်ယူဆောင်ရွက် ခြင်းဖြစ်ပြီး ယခုအခါတွင် ဒေသခံ ပြည်သူ များ သွားလာရေးအဆင်ပြေ ချောမွေ့လျှက်ရှိကြောင်း သိရ သည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)