“၇၅”နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ  ၂၁

၂၀၂၃ ခုနှစ်၇၅နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားအား အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဒေသခံ ချင်းတိုင်းရင်းသူ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ မုခ်ဦးအား  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊  ချင်တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဆလိုင်းလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ပြုလုပ်ရာ သဘာပတိကြီးမှ မောင်း ()ချက်ထု၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိမိတို့တိုင်း ဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား()မျိုးလုံး စုပေါင်းနေထိုင်ကြပြီး နေထိုင်မှုအများဆုံး တိုင်းရင်းသားများမှာ ဗမာ၊ ကရင်၊ ရခိုင်နှင့် ချင်းတိုင်းရင်းသားများ ဖြစ်ကြပါကြောင်း၊ တိုင်းရင်းသားလူမျိုးများစွာဖြင့် စုစည်းနေထိုင် လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့မှာလည်း မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိသည့် အတွက် ပြည်ထောင်စုအတွင်း မှီတင်နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံးသည် အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြ ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ တိုင်းရင်းသားစာပေသင်ကြားရေးများ၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အစဉ်အလာမပျက် ကျင်းပဆောင်ရွက်နိုင်စေရန် စာပေနှင့်ယဉ်ကျေးမှု အသင်းများသို့ ထောက်ပံ့ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာအမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ တိုင်းဒေသကြီး၏ အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို ထာဝစဉ် သယ်ပိုးနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က ချင်းအမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဆလိုင်းအောင်ကိုကိုဦးက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြား၍ ခင်းကျင်းပြသ ထားသော နောက်ခံအရောင်နှင့် ဆင်ယင်ထုံးဖွဲ့မှု အကြောင်းကို ချင်းတိုင်းရင်းသူ တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်ဒေသခံ ဆလိုင်းသိန်းဆွေက ကျေးဇူး တင်စကား ပြောကြားခဲ့ပြီးသဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ချင်းတိုင်းရင်းသားတိုင်းရင်းသူများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆင်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းကောက်အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက် ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပြီး အင်္ဂပူမြို့နယ် ပညာရေး မှူးမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်အောင်ခရိုင် ပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ် ဖြေဆိုရန် နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ပါမောက္ခ၊ ဌာနမှူးများနှင့် အထက်တန်းပြဆရာ၊ ဆရာမများဘာသာ ရပ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင် စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး  မိမိတို့၏ အားနည်းချက်၊ အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရ မှာဖြစ်ကာ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်းသူ၊ ကျောင်းသားများ၏ အားနည်းသည့် ဘာသာရပ်များကို ပိုမိုအားဖြည့် ဆောင်ရွက်ပေးကြရန်လိုပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှသာ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေး အောင်စိတ်မွေး၍ အစွမ်းကုန်ကြိုးစားကြ စေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစား ဖြေဆိုကြရန်နှင့် ဂုဏ်ထူး ပေါင်းများစွာဖြင့် ရာနှုန်းပြည့် ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးစားကြရန်အားပေးစကားများ ပြောကြားခဲ့ ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)