စလင်း ဖေဖေါ်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ကိုးရီးယားသမ္မတနိုင်ငံ Cli mate change center ၏ အစီအစဉ်ဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ စလင်းမြို့နယ် သရက်တောကျေးရွာရှိ အိမ်ထောင်စု(၂၇)စုအတွက် စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေခြင်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်တွင် ကိုးရီးယားသမ္မတနိုင်ငံ Cli mate change center ၏အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖို ၄၈၀၀ လုံးအား ကျေးရွာပေါင်း ၂၆ ရွာရှိ အိမ်ထောင်စုများအတွက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီး စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇၇)အိမ်ထောင်အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့ရာ၊ အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကျေးရွာပြည်သူလူထုအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောစိုက်ခင်းများနှင့် သဘာဝတောများကို ပြန်းတီးမှုမဖြစ်အောင် ဝိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သစ်တောများမပြုန်းတီးမှ ရာသီဥတုမှန်ကန်ပြီး ပြည်သူများ၏ စားဝတ်နေရေးအလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇၇) အိမ်ထောင်စုတို့အား ကိုးရီးယာသမ္မတနိုင်ငံ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံဖြိုးဆဲနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်းများချမှတ်၍ အပူပိုင်းဒေသစိမ်းလန်း စိုပြေရေးဦးစီးဌာန မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် စလင်းမြို့နယ်ဦးစီးအရာရှိနှင့် တောအုပ်များမှ သရက်တောကျေးရွာ ပြည်သူ(၂၇၇)ဦးတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)