ပုလောမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေး(191) စတေကာ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပုလော ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်  ၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် (191)စတေကာကပ်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ယနေ့နံနက် ၈ နာရီအချိန်က မြိတ်-ထားဝယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ပုလောမြို့ တံတားတိပ်တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ပုလောမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ဇင်ထိုက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူများကို မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသော (191)စတေကာပြားများကပ်ပေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် သိရှိလိုက်နာရမည့် ရှောင်ရန်/ဆောင်ရန်အချက်များပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး လက်ကမ်း စာစောင် (၅၀၀) စောင်နှင့် (191)စတေကာ(၅၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိဘပြည်သူများ အားသိရှိနားလည်းစေရန်အတွက်ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေး လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အေးအေးမော်(ပုလော)